ကျောပူနာနဲ့ အိပ်ရာပူနာကို ကာကွယ်ပေးမယ့် BestCare Alternating Pressure Mattress

Share on facebook
Share on twitter
Share on linkedin

ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာထဲမှာ ကြာရှည်လဲလျောင်းနေရတဲ့ လူနာများနဲ့ သက်ကြီး ရွယ်အိုများအတွက် အချိန်ကြာလာရင် အရေ့ပြားအပူလောင်ပြီး အိပ်ရာပူနာ(Bed Sore) ရလာတဲ့အခါ နာလန်ပြန်ထူနိုင်ဖို့က ခဲယဉ်းတတ်ပါတယ်။ ဒီလို အိပ်ရာထဲ ကြာရှည်လဲလျောင်းနေရသူတွေအတွက် အိပ်ရာပူနာမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ။ ဒီလို ကာကွယ်ဖို့ အကောင်းဆုံးကူညီပေးနိုင်တာကတော့ BestCare Alternating Pressure Mattress လေမွေ့ရာပါ။ မွေ့ရာနဲ့ လေထုတ်စက် (pump) ကို သီးခြားခွဲထားတဲ့အတွက် အသုံးပြူသူကို ပိုပြီး သက်သောင့်သက်သာဖြစ်စေပြီး ၆ မိနစ်တစ်ကြိမ် လေမွေ့ရာအတွင်းက လေတွေကို ပြောင်းလဲပေးတဲ့အပြင် တစ်နေရာတည်းမှာ ဖိအားသက်ရောက်မှု အကြာကြီး မဖြစ်အောင် လေလျှော့တာနဲ့ လေပြန်ထိုးတာကို စည်းချက်မှန်မှန် လုပ်ဆောင်ပေးတဲ့အတွက် လေဝင်လေထွက်ကောင်းစေလို့ ကျောပူတာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် အိပ်ရာပူနာ ကင်းဝေးအောင် BestCare Alternating Pressure Mattress လေမွေ့ရာကို ဆောင်ထားဖို့ အကြံပြုပါရစေရှင်။